Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများ စီးလာသည့်ကား မတော်တဆဖြစ်၊ ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ
DVB
·
January 6, 2017
ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင် ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်က မြန်မာနိုင်ငံသားတွေ စီးနင်းလိုက်ပါလာတဲ့ တိုယိုတာမှန်လုံကား ​၁ စီး သစ်ပင်နဲ့တိုက်မိပြီး ၁ ဦး သေဆုံး ၄ ဦးဒဏ်ရာရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြလာတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင်ကနေ တာ့ခ်ရိုင် မဲဆောက်မြို့ကို ဦးတည်လာတဲ့ အဆိုပါ စင်းလုံးငှား မှန်လုံယာဉ်ဟာ ကမ်ဖိုင်ဖစ်ခရိုင် ခါနုဝွန်းရတ့်ဆပူရီမြို့နယ် ဆလုတ်ပါဒွန်းရပ်ကွက် အရောက်လမ်းဘေးက သစ်ပင်တစ်ပင်နဲ့ ၀င်တိုက်မိပြီး ကားပေါ်ပါလာသူတွေ သေဆုံးဒဏ်ရာရ ခဲ့ကြတာလို့ ခါနုဝွန်းရတ့်ဆပူရီရဲစခန်း တာဝန်ကျ ရဲအုပ် ဘန်ချာဆုမ့်ငင်းက သတင်းထောက်ကို ပြောပါတယ်။ စစ်ဆေးချက်အရ သေဆုံးသူမှာ မမို့မို့ ဆိုသူ မြန်မာအမျိုးသမီးတဦးဖြစ်ပြီး ဒဏ်ရာရသူ ၄ ဦးမှာ ယာဉ်မောင်းသမား ထိုင်းလူမျိုး နိုင်းချတ်ချဝမ်း ကျန်ထမာတ်နဲ့ မအေး၊ မတင်မာ၊ မောင်အောင်သူရ စတဲ့ မြန်မာ ၃ ဦးတို့ဖြစ်ကြောင်း၊ သေဆုံးဒဏ်ရာရသူများကို မြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထား တယ်လို့ ဆိုပါတယ်။ အဆိုပါ ယာဉ်မှာ ဆမွတ်ဆာခွန်းမြို့ မစ်တဖတ်ဂရုပ်ထိုး ခရီးသွားကုမ္ပဏီအပိုင်ဖြစ်ပြီး NGV gas ထည့်သွင်းထားကြောင်း၊ ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ယာဉ်မောင်းသူမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်ဆေးမေးမြန်းလို့ မရသေးဘဲ ကားမောင်းရင်း အိပ်ငိုက်တယ်လို့ အကြမ်းအားဖြင့် ခန့်မှန်းထားတယ်လို့ ရဲအုပ်က သတင်းထောက်ကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024