Home
မြန်မာသတင်း
‘ရန်ကုန်စာအုပ်များဈေးလမ်း’ စာအုပ်အရောင်းပွဲ သိမ်ဖြူလမ်းတွင် ကျင်းပမည်
ရွှေအောင်
·
January 6, 2017
ရန်ကုန်မြို့၊ သိမ်ဖြူလမ်းမှာ ဇန်န၀ါရီ ၇ ရက်ကစပြီး ရန်ကုန်စာအုပ်များဈေးလမ်း- Yangon Books Street နာမည်နဲ့ စာအုပ်အရောင်းပွဲကို စနေ၊ တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံ ထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက စာရေးဆရာကောင်းသန့်က ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ထုတ်ဝေသူအသင်းတို့ အစီအစဉ်နဲ့ စာအုပ်အရောင်းပွဲ လုပ်မှာဖြစ်ပြီး စာအုပ်ဆိုင်ခန်းပေါင်း ၉၀ ခန့် ပါဝင်ရောင်းချမှာ ဖြစ်ပါတယ်။ ကောင်းသန့်စာအုပ်တိုက်တည်ထောင်ထားတဲ့ စာရေးဆရာကောင်းသန့်က သူတို့ စာအုပ်တိုက်လည်း ရန်ကုန်စာအုပ်များဈေးလမ်းမှာ ပါဝင်ရောင်းချမှာဖြစ်တယ်လို့ ပြောပါတယ်။ လမ်းဘေးမှာ စာအုပ်ဟောင်းရောင်းတဲ့သူတွေအတွက် အဆင်ပြေသလို စာအုပ်တိုက်တွေ အဆင်ပြေနိုင်တယ်လို့လည်း သူက ပြောပါတယ်။ “လူစည်ကားတဲ့လမ်းပေါ်မှာ စာအုပ်ရောင်းပြီး အသက်မွေးဝမ်းကျောင်းရတဲ့သူတွေ ရှိတယ်လေ၊ အဲ့ဒီ သူတွေအတွက် ဒါက တရားဝင်ရောင်းချရတဲ့ဟာမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့ ပိုပြီးတော့ ကောင်းတယ်လို့ မြင်ပါတယ်။ နောက် ကျနော်တို့အတွက်ကျတော့ တိုက်ပေါ်မှာထိုင်နေ တယ်လီဖုန်းဆက်မှ သွားပို့ ရတာထက်စာရင်တော့ လမ်းလျှောက်နေတဲ့သူတွေ မြင်ပြီးဝယ်ရင် ပိုပြီးတော့ ရောင်းရမယ် အကျိုးရှိမယ်လို့ မြင်တယ်။” ဆိုင်ခန်းခ တရက် ကျပ် ၆၀၀၀ နဲ့ လတ်တလော တလစာ ဆိုင်ခန်းခ ကြိုတင်ပေး ထားရတယ်လို့လည်း ပြောပါတယ်။ စာအုပ်ဈေးတန်းဖွင့်ပြီး စာအုပ်ရောင်းအားတက်လာရင် ရန်ကုန်စာအုပ်များဈေးလမ်းကို ဆက်လက် ဖွင့်လှစ်သွားမှာဖြစ်ပြီး အစိုးရသစ်လက်ထက် ပထမဆုံးဖွင့်လှစ်တဲ့ စာအုပ်ဈေးတန်းလည်း ဖြစ်ပါ တယ်။ လက်ရှိ စာအုပ်ဈေးကွက်မှာ တလ စာအုပ်အသစ် ၂၄၀ခန့် ထွက်ရှိနေပြီး စာဖတ်အားကျဆင်းပြီး စာအုပ်အရောင်းလည်း ကျဆင်းနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024