ဘယ်ဂျီယမ်ကလပ် ဂျန့်အသင်းက ကွင်းလယ်လူ ဝဲဖရက်အမ်ဒီဒီကို လက်စတာအသင်း ခေါ်ယူ

လက်စတာအသင်းက ကွင်းလယ်သမား ၀ဲဖရက်အမ်ဒီဒီကို ဘယ်ဂျီယမ်ကလပ် ဂျန့်အသင်းကနေ ခေါ်ယူလိုက်ပါတယ်။ သတင်းတွေမှာတော့ ပြောင်းရွှေ့ကြေးကို ပေါင် ၁၅ သန်း ၀န်းကျင်ဆိုပြီး ဖော်ပြနေပါတယ်။ အသက် ၂၀ အရွယ် နိုင်ဂျီရီးယားလက်ရွေးစင် ကစားသမားကို ပရီးမီးယားလိဂ် ချန်ပီယံအသင်းက ၅ နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ လက်စတာ နည်းပြ ရိုင်နရီကတော့ သူက အထင်ကြီးဖို့ ကောင်းတဲ့ ကစားသမား တယောက်ဖြစ်ပြီး တောက်ပတဲ့ အနာဂတ်လည်း ရှိနေတယ်လို့ ပြောပါတယ်။ ကွင်းလယ်သမား အမ်ဒီဒီဟာ ဂျန့်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ အုပ်စုကအဆင့်ကနေ တက်ဖို့ အဓိကနေရာကနေ စွမ်းဆောင် ပေးထားပါတယ်။ သူဟာ လာမယ့် ဇန်န၀ါရီ ၇ ရက်နေ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ လက်စတာအတွက် ပွဲဦးထွက် ကစားရဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up