Home
မြန်မာသတင်း
ပဲခူးမြို့တရားရုံးကို တကိုယ်တော် ဆန္ဒပြ
DVB
·
January 6, 2017
နိုင်ငံတော်အကြီးအကဲတွေကို ရိုင်းပျစော်ကားမှုနဲ့ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရတဲ့ ပဲခူးသူတဦးကို အာမခံပေးတာနဲ့ပတ်သက်ပြီး ပဲခူးမြို့ရဲ့တရားရေးမဏ္ဍိုင် လုပ်ကိုင်ဆောင်ရွက်မှု မမျှတတဲ့အတွက် မနေ့ ညနေက ပဲခူးမြို့မဇင်းရပ်ကွက်နေ ကိုဇော်ထက် က တကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့ပါ တယ်။ “ကျနော်တို့ မြန်မာတနိုင်ငံလုံးမှာ ရှိသမျှ တရားရုံးတွေတိုင်းမှာ စွဲဆိုခံထားရတဲ့ နိုင်ငံတော် အကြီးအကဲအားလုံးကို ဆဲဆို၊ ပုတ်ခတ်ထားတဲ့ ဖေ့ဘုတ်အကောင့်ပိုင်ရှင်တိုင်းကို ၆၆(ဃ) နဲ့ တရားစွဲဆိုထားပြီး ဘယ်တရားရုံကမှ အာမခံ မပေးပါဘူး။ ကျနော်တို့ ပဲခူးတရားရုံမှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားတဲ့ အကောင့်ပိုင်ရှင် ပဲခူးသူ တဦးကို အာမခံပေးထားပါတယ်။ အဲဒီအတွက် ကျနော်တို့ ပဲခူးတရားရုံးရဲ့တရားဥပဒေ စိုးမိုးမှုသည် ဘယ်မှာလဲ၊ ကျနော်ပြောခြင်တာက လူအားလုံးအတွက် တရားဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားတဲ့ တရားဥပဒေတခု ဖြစ်စေချင်ပါတယ်။ ဒါကြောင့် ဆန္ဒဖော်ထုတ်ရတာဖြစ်တယ်”လို့ တကိုယ်တော်လမ်းလျှောက် ဆန္ဒပြသူ ကိုဇော်ထက်က ပြောပါတယ်။ ဆန္ဒပြသူ ကိုဇော်ထက်ဟာ ပဲခူးမြို့ကို ကယ်တင်ပါဆိုတဲ့ ချိန်ခွင်ချိန်နေတဲ့ အမျိုးသမီးပုံပါတဲ့ ဗွီနိုင်းကို ဘယ်ဘက်လက်ကကိုင်ပြီး ညာဘက်လက်က 'မျှတတဲ့တရားစီရင်ရေး ဖြစ်စေချင်ပါသည်၊ ကျောသား ရင်သား မခွဲခြားတဲ့ ဥပဒေပြဌာန်းချက်တွေအတိုင်း စီရင်လုပ်ကိုင်ဆောင်ရွက်တာကို ပြည်သူများ ကိုယ်စားတောင်းဆိုပါသည် စတဲ့ စာသားတွေ ပါတဲ့ ဗွီနိုင်းပိုစတာ ဆိုင်ဘုတ် ၂ ခုကို ကိုင်ဆောင်ပြီး ပဲခူးဈေးတံတားထိပ်မှ ဗိုလ်ချုပ်ကြေးရုပ်အထိ ဝန်းရံသူတွေနဲ့အတူ လမ်းလျှောက် ဆန္ဒပြတယ်လို့ သိရပါတယ်။ သတင်း - အောင်စိုးမိုး(ပဲခူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024