ကော့စတာရီကာတွင် မီးတောင်ပေါက်ကွဲ၍ နိုင်ငံတကာလေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

ကော့စတာရီကာနိုင်ငံ ဆန်ဟိုဆေးမြို့တော်နားမှာ မီးတောင်တလုံး ပေါက်ကွဲခဲ့လို့ မြို့တော်ရဲ့ နိုင်ငံတကာလေဆိပ်အ၀င်အထွက်ခရီးစဉ်တွေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့က ဖျက်သိမ်းခဲ့ရပါတယ်။ မီးတောင် မိးခိုးပြာတွေ မီးတောင်နဲ့ မိုင် ၃၀ အကွာက နိုင်ငံတကာလေဆိပ်အပါအ၀င် ဆန်ဟိုဆေး မြို့တော်နေရာအတော်များများကို ကျရာက်ခဲ့ပါတယ်။ ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရတဲ့ လေကြောင်းလိုင်း ၆ လိုင်းမှာ အမေရိကန်လေကြောင်းလိုင်းတွေ က အများစုဖြစ်ပြီး ပြာမှုန်တွေ လေဆိပ်အထိ ကျရောက်လာလို့ ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့တာလို့ ကော့တာရီကာ အရပ်ဖက်လေကြောင်းသယ်ယူပို့ဆောင်ရေးညွန်ကြားရေးမှူးတဦးက ပြောဆိုပါတယ်။ လေဆိပ်ဟာ မီးတောင်ကနေ တိုက်ခတ်လာတဲ့ လေလမ်းကြောင်းတည့်တည့်ပေါ်မှာ တည်ရှိနေပြီး ရာသီဥတုပူပြင်းခြောက်သွေ့နေတဲ့အတွက် မီးတောင်ပြာတွေက တော်တော်နဲ့ ရှင်းမသွားပဲ လေထုထဲ ပျံ့နှံနေတာလို့ မီးတောင်စောင့်ကြည့်လေ့လာရေးဌာနကပြောဆိုပါတယ်။ ဒီမီးတောင် အရင်က ပေါက်ကွဲခဲ့တုန်းက မီးတောင်ပတ်ဝန်းကျင်မှာ နေထိုင်သူ ဒေသခံတွေကို ကယ်ဆယ်ခဲ့ရပြီး လေယာဉ်ခရီးစဉ်တွေ ရာနဲ့ချီပြီး ဖျက်သိမ်းခဲ့ရပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up