Home
မြန်မာသတင်း
နေပြည်တော်မှ ထူးချွန်ကျောင်းသားများကို တရုတ်နိုင်ငံသို့ ပညာတော်သင်လွှတ်မည်
DVB
·
January 5, 2017
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ အ.ထ.က (၁၄) မှ ထူးချွန်ကျာင်းသားကျောင်းသူများကို တရုတ်နိုင်ငံသို့ ပညာတော်သင်ဆုပေးအပ်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြောပါတယ်။ “သံရုံးက အ.ထ.က(၁၄) နေပြည်တော်မှ ပညာထူးချွန်တဲ့၊ ချို့တဲ့နွမ်းပါးသော ကျောင်းသား ကျောင်းသူများကို ပညာသင်ဆု၊ ထောက်ပံ့ငွေပေးအပ်ပြီး ပညာရေး ပြီးမြောက်အောင် သင်ယူနိုင်ဖို့ အားပေးကူညီမှာဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီး Mr. Hong Liang က ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ ၂၀၁၇ ခုနှစ်အတွင်း ကျောင်းဆောင်သစ်အဆောက်အဦ ၂၀ ကို ဆောက်လုပ်လှူဒါန်းသွာမှာ ဖြစ်ကြောင်း Mr. Hong Liang က ပြောတာပါ။ ဇန်န၀ါရီလ ၅ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ အ.ထ.က (၁၄) မှာ စာသင်ဆောင်နှင့် အားကစားရုံ ပေးအပ်လှူဒါန်း လွှဲအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၇ သောင်းကျော်ရှိပြီး ကျေးရွာပေါင်း ၄ ထောင်ကျော်မှာတော့ အစိုးရပညာရေးသင်ကျောင်းတွေ ဖွင့်လှစ်ထားနိုင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရတာပါ။ လက်ရှိမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၄ သောင်း ၆ ထောင် ၆ ကျောင်းရှိပြီး အရာထမ်း အမှုထမ်း ဆရာ၊ ဆရာမ ၄ သိန်း ၆ သောင်းကျော်ရှိကာ အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၉ ဒသမ ၅ သန်းကျော်က ပညာသင်ကြားနေတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024