Home
မြန်မာသတင်း
၂၀၁၆ ခုနှစ်တွင်း ကလေးမြို့တွင် လူ ၆၇ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးအရေးယူ
DVB
·
January 5, 2017
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း ကလေးမြို့မှာ အမျိုးသား ၅၉ ဦးနဲ့ အမျိုးသမီး ၈ ဦး စုပေါင်း ၆၇ ဦးကို မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးအရေးယူခဲ့တယ်လို့ ကလေးမြို့ မူးယစ်တပ်ဖွဲ့က သိရပါတယ်။ ကလေးမြို့မူးယစ်တပ်ဖွဲ့စု ၅ အနေနဲ့ ပြီးခဲ့တဲ့တနှစ်တာ ကာလအတွင်း  မူးယစ်ဆေးဝါး အမှုပေါင်း ၄၃ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ဘိန်းဖြူအမှု အများဆုံးဖြစ်တယ်လို့ မူးယစ်တပ်ဖွဲ့စု-၅ တပ်ဖွဲ့စုမှူး ဒုရဲမှူးတင်စိုးက ပြောပါတယ်။ “ဖမ်းဆီးမိတဲ့ အမှုတွေမှာက ဘိန်းစိမ်းပါတယ်။ ဘိန်းဖြူပါတယ်။ စိတ်ကြွဆေးပြားပါတယ်။ ကျနော်တို့ မူးယစ်တပ်ဖွဲ့ သီးသန့်ဖမ်းဆီးခဲ့တဲ့ ၂၀၁၆ တနှစ်လုံး အမှု ၄၀ မှု ကျော်တယ်” မူးယစ်ဆေးဖမ်းဆီးအမှု ၄၃ မှုမှာ ဘိန်းစိမ်း ၄ မှု စိတ်ကြွဆေးပြား ၁၁ မှုနဲ့ အများဆုံးဖမ်းဆီးမိတဲ့ ဘိန်းဖြူဖမ်းဆီးနိုင်မှုဟာ ၂၈ မှုထိ ရှိခဲ့ပါတယ်။ ကလေးမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများပြားလာနေတဲ့အကြောင်းဒေသခံ တဦးက“ဘိန်းဖြူ ဘိန်းမည်းကတော့ ကလေးမြို့မှာ ပျံ့နှံ့မှုအရှိန်ကြီးတယ်။ ရဲက ဖမ်းတယ်။ စုံစမ်းတယ်။ သူတို့က ရဲထက်ပိုလည်တယ်။ အရင်ကလို ရော့ ပစ္စည်း၊ ပေး ပိုက်ဆံ’ မဟုတ်တော့ဘူး။ ပိုက်ဆံလေး သွားပေးလိုက်တယ်။ ဖုန်းနဲ့ဆက်ပြီး ဘယ်နေရာမှာ ဝှက်ထားတယ်၊ ဘယ်အချိန်သွားယူ။ အဲဒီလိုတွေ လုပ်ကြတော့ စုံစမ်းဖမ်းဆီးဖို့ တော်တော်ကို သတင်းတိကျမှ ရမယ်”လို့ပြောပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးအမှု ၄၃ မှုကနေ  ဘိန်းမဲ ၀ ဒသမ  ၀၀၀၀၈၂ ကီလို ၊ ဘိန်းဖြူ  ဝ ဒသမ ၅၀၄၅၈ ကီလိုနဲ့ ဆေးပြား ဝ ဒသမ ၅၀၆၁ ကီလို အလေးချိန်သိမ်းဆည်းရမိခဲ့ပြီး  တန်ဖိုးအားဖြင့်  ၁၀,၅၄၈,၁၀၀ ကျပ် ရှိမယ်လို့ ခန့်မှန်းပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024