Home
မြန်မာသတင်း
မုံရွာတက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် နွားလှည်းဖြင့် ဘွဲ့ တက်ယူမည်
DVB
·
January 5, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်မှာ အခုလအတွင်း ကျင်းပပြုလုပ်မယ့် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မအိမွန်ကျော် ဆိုသူက နွားလှည်းနဲ့ ဘွဲ့တက်ယူဖို့ အစမ်းလေ့ကျင့်နေပါတယ်။ ဒီလို နွားလှည်းနဲ့ ဘွဲ့တက်ယူဖို့ တက္ကသိုလ်ပါမောက္ခချုပ်ထံ ခွင့်ပြုချက်တောင်းခံပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့ မအိမွန်ကျော်ရဲ့ ဖခင်ဖြစ်သူ ဦးကျော်ဝင်းက ပြောပါတယ်။ "နွားလှည်းနဲ့ ဘွဲ့ယူရတဲ့ ရည်ရွယ်ချက်က ချမ်းသာသူ၊ ဝန်ထမ်းတွေရဲ့သားသမီးတွေတင် ခေတ်ပညာ ကို သင်ကြားနိုင်တာ မဟုတ်ဘူး။ တောင်သူလယ်လုပ်တဲ့ ကျေးလက်က တောသူတောင်သားတွေရဲ့ သားသမီးတွေလည်း ခေတ်ပညာကိုသင်ကြားနိုင်တယ်။ နောက်တစ်ချက်က မြန်မာ့ရိုးရာအစဉ်အလာ အတိုင်း တောင်သူသားသမီးက တောင်သူမှာရှိတဲ့ နွားလှည်းနဲ့ မြန်မာ့ရိုးရာဝတ်စုံဝတ်ဆင်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ဘွဲ့ယူတာ။ အဲလိုနွားလှည်းနဲ့ဘွဲ့ယူနိုင်ဖို့ သက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်ကြီးထံကို တရားဝင်စာတင်ပြီး ခွင့်ပြုချက်နဲ့ ယခုလိုလုပ်တာပါ။ ကျန်တဲ့ရည်ရွယ်ချက် မရှိပါဘူး။ ယခုလို နွားလှည်းနဲ့ ဘွဲ့ယူခွင့်ရခဲ့တဲ့အတွက် အရမ်းဂုဏ်ယူမိတယ်။" မအိမွန်ကျော်ဟာ  မုံရွာတက္ကသိုလ်ကနေ ရုက္ခဗေဒဘာသာရပ်အထူးပြုနဲ့ ဘွဲ့ယူမှာဖြစ်ပြီး ဘွဲယူဖို့ ကြိုလှည်းတစ်စီး၊ ပို့လှည်းတစ်စီး စုစုပေါင်း ၂ စီး သုံးမှာဖြစ်ပါတယ်။ သတင်း - အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024