မြန်မာဟာ အိုင်အက်စ်တိုက်ခိုက်ခံရမှုအန္တရာယ်ဖြင့် ရင်ဆိုင်နေရဟု မလေးရှားရဲတပ်ဖွဲ့ ပြော

ရခိုင်ပြည်နယ်က ဘင်္ဂလီအရေးနဲ့စပ်လျဉ်းပြီး မြန်မာဟာ အိုင်အက်စ်တိုက်ခိုက်ခံရမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ လို့ မလေးရှားရဲတပ်ဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။ မလေးရှားရဲဌာန တန်ပြန်အကြမ်းဖက်တိုက်ခိုက်မှုအဖွဲ့ရဲ့ ခေါင်းဆောင် အရော့ဘ်ခန်မိုင်ဒင်ပီချေးက ရခိုင်မှာ ဖိနှိပ်ခံနေရတဲ့ ဘင်္ဂလီတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ အရှေ့တောင်အာရှ အိုင်အက်စ်ကွန်ရက်ရဲ့ တိုက်ခိုက်မယ့်အန္တရာယ်ကို မြန်မာရင်ဆိုင်နေရတယ်လို့ ပြောခဲ့ကြောင်း ချန်နယ်နယူးအေးရှားသတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံကို တိုက်ခိုက်ရန် စီစဉ်နေတဲ့ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) ထောက်ခံသူလို့ သံသယရှိသူတဦးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးခဲ့အပြီး သူက ပြောခဲ့တာလည်း ဖြစ်ပါတယ်။ အမည်မဖော်ပြထားတဲ့ သံသယဖြစ်ခံရသူ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို မလေးရှားရဲက ပြီးခဲ့တဲ့လက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့မှာ တရားစွဲဆိုခဲ့ပါတယ်။ မြန်မာအစိုးရကတော့ အောက်တိုဘာလက စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တော အကြမ်းဖက်တိုက်ခိုက်မှုမှာ အိုင်အက်စ်အဖွဲ့နဲ့ ပတ်သက်မှု မရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up