Live
Home
မြန်မာသတင်း
နန်စီပွန်ဒေသရှိ တရားမ၀င်ရေမဆေးရှာဖွေသူများကို ရှင်းလင်းဖယ်ရှားမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 5, 2017
စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသမှာ နိုင်ငံတော်က တရားဝင် လုပ်ကိုင်ခွင့်ပြုထားတဲ့ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်တွေထဲ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ရှာဖွေနေတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေကို ဇန်နဝါရီ ၅ ရက်နေ့ကနေစတင်ပြီး ရဲတပ်ဖွဲ့က ရှင်းလင်းဖယ်ရှားတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီဝင်းတွေအတွင်းက ထွက်သွားကြဖို့ရာ သက်ဆိုင်ရာကအသိပေးကြေညာချက် ထုတ်ပြန်ပြီး ၂၀၁၆ ဒီဇင်ဘာ ၃၀ ရက်ကနေ ၂၀၁၇ဇန်နဝါရီလ ၄ ရက်နေ့ထိ ၆ ရက်တာ ပညာပေးကာလသတ်မှတ်ခဲ့ကာ ပညာပေးကာလအလွန်မှာတော့ ဥပဒေအရ ဖမ်းဆီး အရေးယူတော့မှာ ဖြစ်ပါတယ်။ တရားမဝင် ကျောက်မျက်တူးဖော်ရှာဖွေမှုတွေကို ဟန့်တားနိုင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ် လာက်ကတည်းက ရဲတပ်ဖွဲ့အင်အားရာဂဏန်းနီးပါးကို ခန္တီးမြို့နယ်ကို ပို့ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ခုလိုရေမဆေးကျောက်ရှာဖွေသူတွေကိုဖယ်ရှားမယ့် အစီအစဉ်ဟာ  ရွှေနဲ့ ကျောက်ကိုသာ ရှာဖွေ အားထားပြီး လုပ်ကိုင်စားသောက်နေရတဲ့ ဒေသခံတွေအတွက် များစွာ အခက်အခဲဖြစ်စေသလို စားဝတ်နေရေးပါ ဒုက္ခရောက်စနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ခန္တီးမြို့နယ်မှာ တောင်ယာနှင့် ဥယာဉ်ခြံစိုက်ပျိုးရေးအနည်းငယ် လုပ်ကိုင်ကြပြီး ရွှေ၊ ကျောက်ကိုသာ အဓိကလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024