ဂျပန်စီးပွားရေးပြန်တက်လာရေး ထိပ်တန်းဦးစားပေးမူဝါဒ ချမှတ်ဆောင်ရွက်မည်ဟု ၀န်ကြီးချုပ်ပြော

ဂျပန်နိုင်ငံရဲ့ စီးပွားရေး ပြန်တက်လာရေးဟာ ၂၀၁၇ ခုနှစ် အစိုးရရဲ့ ထိပ်တန်းဦးစားပေး မူဝါဒအဖြစ် ဆက်လက်ချမှတ်ဆောင်ရွက်သွားတယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၄ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ဂျပန်ယန်းငွေဖောင်းပွမှုကို ထိန်းချုပ်ထားနိုင်ရေးအတွက် ငွေကြေးဆိုင်ရာမူဝါဒတွေ၊ ဘဏ္ဍာရေး မူဝါဒတွေနဲ့ စီးပွားရေးမဟာဗျူဟာတွေကို စနစ်တကျထိန်းညှိပြီး ဂျပန်စီးပွားရေးကို ပြန်လည် မြှင့်တင်သွားမယ်လို့ ၀န်ကြီးချုပ်အာဘေးက သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ဂျပန်သတင်းမီဒီယာတွေမှာ ခန့်မှန်းဖော်ပြနေကြတဲ့ အခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကို စောစောကျင်းပလိမ့်မယ်ဆိုတဲ့သတင်းတွေကိုလည်း ၀န်ကြီးချုပ်က ငြင်းဆိုပါတယ်။ သူ့ရဲ့လက်ထက်အတွင်း ဂျပန်လွှတ်တော်ကို ဖျက်သိမ်းဖို့ ရည်ရွယ်ချက်မရှိဘဲ ဂျပန်စီးပွားရေး ပြန်တက်လာဖို့ သူတက်လာတဲ့ ၂၁၁၂ ခုနှစ်ကတည်းက ချမှတ်ဆောင်ရွက်နေတဲ့ အာဘေးစီးပွားရေး မူဝါဒတွေကိုပဲ ဆက်လက်အကောင်အထည်ဖော်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်လို့ ၀န်ကြီးချုပ် အာဘေးက ပြောဆိုခဲ့တာပါ။ ၀န်ကြီးချုပ်ဟာ ၂၀၁၇ ခုနှစ်သစ် ပထမဆုံးရုံးတက်ရက်မှာပဲ ဂျပန် ရှင်တိုဘာသာရဲ့ အလေးမြတ်ဆုံး ဘုရားကျောင်းဖြစ်တဲ့ အီဆဲ(Ise)ဘုရားကျောင်းကို အစိုးရအဖွဲ့ကို ဦးဆောင်ပြီး သွားရောက် ၀တ်ပြုဆုတောင်းခဲ့ပါတယ်။ ဘုရားကျောင်းထဲ မ၀င်ခင် တန်းစီးစောင့်ဆိုင်းနေကြတဲ့ ဘုရားဖူးတွေနဲ့လည်း ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါတယ်။ ၀န်ကြီးချုပ်အာဘေးရဲ့လက်ထက်အတွင်း သူရဲ့ စီးပွားရေးမူဝါဒတွေနဲ့ ယန်းငွေတန်ဖိုးချမှုနဲ့ အစိုးရ လိုငွေပြမှုနဲ့ ကြွေးမှီတွေကို လျော့ချနိုင်ခဲ့မယ့် ဂျပန်စီးပွားရေးကတော့ မျှော်မှန်းသလောက် တက်မလာခဲ့ဘူးလို့ စီးပွားရေးကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up