စပါးစ်အသင်း ချဲလ်ဆီးအား ၂-၀ ဖြင့် နိုင်

ဇန်န၀ါရီ ၄ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးစ်က ချဲလ်ဆီးအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲရှုံးလို့ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲဆက်တိုက် အနိုင်ရရေး စံချိန်တင်ဖို့ ကြိုးစားတာတွေလည်း အဆုံးသတ်သွားပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်လို့ ပြင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ်လည်း ရှိခဲ့ပါတယ်။  စပါးစ်အတွက် အနိုင်ဂိုးတွေကို အလီ တယောက်တည်းက သွင်းယူပါတယ်။ ချဲလ်ဆီးနည်းပြ ကွန်တီကတော့ အသင်းက ခံစစ်ကောင်းရဲ့သား ၂ ဂိုးနဲ့ ရှုံးတာကတော့ ထူးဆန်းနေတယ်လို့ ပြောဆိုသွားပါတယ်။ စပါးစ်နည်းပြ ပိုချက်တီနိုကတော့ ကြီးမာတဲ့ အောင်ပွဲဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံး အသင်းတသင်း ကစားသလိုမျိုး ကစားနိုင်ခဲ့တယ်လို့ ဆိုသွားပါတယ်။ ဒီပွဲရှုံးပေမယ့် ချဲလ်ဆီးက ၄၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး စပါးစ်က ၄၂ မှတ်နဲ့ အဆင့် ၃နေရာကို တက်လှမ်းသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up