လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြု ကာတွန်းပြပွဲ (ဓာတ်ပုံ)
DVB
·
January 4, 2017
၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ကာတွန်းဆရာဒဲ့ဒိုးက သူကိုယ်တိုင် ရေးဆွဲထားတဲ့ ကာတွန်း ၃၀ လောက်ကို ရန်ကုန်မြို့လယ်ကောင် မဟာဗန္ဓုလပန်းခြံရှေ့မှာ လာရောက်ပြသနေပါတယ်။
လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မနက် ၆ နာရီလောက်ကတည်းက လာရောက်ပြသတာဖြစ်ပြီး ညနေအထိ ပြသသွားမှာဖြစ်တယ်လို့ ကာတွန်းဆရာဒဲ့ဒိုးက ပြောပါတယ်။
ကာတွန်းဒဲ့ဒိုးဟာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်သလို တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖူးသူတဦးလည်း ဖြစ်ပါတယ်။
သတင်း - စိုးမိုးအောင်