Home
သတင်းဓာတ်ပုံ
၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတ၀န်းကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
January 4, 2017
  ဇန်န၀ါရီလ ၄ ရက်နေ့မှာကျရောက်တဲ့  မြန်မာနိုင်ငံရဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်နဲ့ နေပြည်တော်အပါအ၀င်  မြန်မာနိုင်ငံတ၀န်းက မြို့ကြီးတွေမှာ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားတွေကို ကျင်းပနေကြပါတယ်။ အစိုးရသစ်လက်ထက်မှာပထမဆုံးကျရောက်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်မှာ စစ်ရေးပြအခမ်းအနား အလံတင်အခမ်းအနားနဲ့အတူ ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နိုင်ငံတော်သမ္မတဦးထင်ကျော်ရဲ့သ၀ဏ်လွှာကိုဖတ်ကြားခဲ့ပါတယ်။ အလားတူ နေပြည်တော်မှာလည်း လွှတ်လပ်ရေးနေ့အလံတင် အခမ်းအနားတွေကို ဒီကနေ့ မနက် နေပြည်တော်မြို့တော်ခန်းမရှေ့ ရင်ပြင်မှာကျင်းပခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး မကွေးမြို့က တိုင်းအားကစားကွင်းမှာလည်း ဒီမနက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကျင်းပရာမှာ  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်း၊ ခရိုင်၊မြို့နယ်တွေက ဌာနဆိုင်ရာဝန်ထမ်းတွေ တက်ရောက် အလေးပြုခဲ့ကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024