Home
မြန်မာသတင်း
ကလေးမြို့၏ ပထမဆုံး ဗိုလ်ချုပ်ကြေးရုပ် ဗိုလ်ချုပ်မွေးနေ့တွင် ဖွင့်လှစ်မည်  
DVB
·
January 3, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ မြို့ရဲ့ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်းပုံတူကြေးသွန်းရုပ်တုကို လာမယ့် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ  ဖွင့်လှစ်ဖို့ရှိနေပါတယ်။ ကလေးမြို့အတွက် ဗိုလ်ချုပ်ကြေးသွန်းရုပ်တု တည်ထားဖို့အတွက် ၂၀၁၅  ဖော်ဖော်ဝါရီမှာ ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ရာပြည့်ပွဲကနေ ကျန်ရှိတဲ့ ရန်ပုံငွေလက်ကျန်နဲ့ စတင်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်ရုပ်တုကိုတော့ ကလေးမြို့ မြို့တော်ခန်းမအနီးမှာ စိုက်ထူထားမှာ ဖြစ်ပါတယ်။ ယခု စိုက်ထူမယ့် ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုဟာ ၁၂ ပေ အမြင့်ရှိပြီး ကလေးမြို့ သမိုင်းမှာ ပထမဆုံး စိုက်ထူမယ့် ရုပ်တု ဖြစ်တယ်လို့ သိရပါတယ်။ ရုပ်တုဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် ကလေးမြို့ ရွှေဘုံသာဘုရားကြီး အားကစားကွင်းမှာ ဘောလုံးပြိုင်ပွဲ ကျင်းပဖို့လည်းရှိတယ်လို့ အားကစားပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ကိုပြုံးချိုက ပြောပါတယ်။ "လာမယ့် လွတ်လပ်ရေးနေ့အပြီး ၅ ရက်နေ့မှာ ကွင်းဖွင့်ပွဲ စတင်မယ်။ ဘယ်ရက်နေ့အထိ ဖြစ်မယ်ဆိုတာတော့ အုပ်စုခွဲ မဲနှိုက်ပြီးမှ သိရမယ်။ ပြိုင်ပွဲဝင်အသင်းတွေကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ၂၅ ရက်အထိ စာရင်းလက်ခံခဲ့တယ်။” ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုဖွင့်ပွဲမှာ ဘောလုံးအသင်းပေါင်း ၃၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024