Home
မြန်မာသတင်း
ဆရာမဝင်ဒီလောရုံ၏ The Road To Wanting ဘာသာပြန်စာအုပ် မိတ်ဆက်ပွဲ
DVB
·
January 3, 2017
မြန်မာပြည်ဖွား နိုင်ငံတကာစာရေးဆရာမ ဝင်ဒီလောရုံနဲ့ ဘာသာပြန်စာရေးဆရာတွေ တက်ရောက်တဲ့ စာအုပ်မိတ်ဆက်ပွဲတစ်ခုကို ရန်ကုန်မြို့ အောက်ပုဇွန်တောင်လမ်းမမှာရှိတဲ့ PEN Myanmar ရုံးခန်းမှာ အခုလ ၃ ရက်နေ့ နေ့လယ် ၂ နာရီက စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲဟာ မြန်မာနိုင်ငံသား တိုင်းရင်းသူတစ်ဦးရဲ့ အကြောင်းကို ရေးထားတဲ့ ဆရာမ ဝင်ဒီလောရုံရဲ့ The Road To Wanting ကို ဆရာမ ဝင့်ပြုံးမြင့်က ‘ဝိမ်တိန်အသွားလမ်း’ အမည်နဲ့ ဘာသာပြန်ထားတဲ့ စာအုပ်မိတ်ဆက်ပွဲ ဖြစ်ပါတယ်။ ဆရာမရဲ့ ဖခင်ဖြစ်သူ The Nation သတင်းစာတိုက်ကို တည်ထောင်တဲ့ ဖခင်ဖြစ်သူ ဦးလောရုံအကြောင်း ရေးထားတဲ့ Golden Parasol- A Daughter's Memoir of Burma ကိုလည်း ဆရာဟိန်းလတ်က ‘ရှင်ရင်ရွှေထီး’ အမည်နဲ့ ဘာသာပြန်ထားဖူးပါတယ်။ ဒီပွဲမှာ ဆရာမရဲ့စာအုပ် ၂ အုပ်ကို လျှော့ဈေးနဲ့လည်း ရောင်းပေးနေတာပါ။ ဒီအစီအစဉ်ကို ငါတို့စာပေရဲ့ facebook page ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးနေပြီး ပရိသတ်တွေရဲ့ မေးခွန်းတွေကိုလည်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024