စစ်ကိုင်းတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပ
DVB
·
January 2, 2017
စစ်ကိုင်းတိုင်းသေကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ကို ဒီကနေ့ စတင်ခေါ်ယူ ကျင်းပပြီး စစ်ကိုင်းတိုင်းအတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)ကိုဆွေးနွေးနေပါတယ်။
အရေးပေါ် အစည်းအဝေး ပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ကြယ်ပွင့်ပြ မေးခွန်း ၅ ခု မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)ကို လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။
ဥပဒေ(မူကြမ်း)နဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ဆွေးနွေးဖို့ အမည်စာရင်း တင်သွင်းခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ကို မနက်ဖြန် ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။
သတင်း - အောင်ကိုလတ်