ချဲလ်ဆီးတိုက်စစ်မှူး ကော်စတာ အသင်းဟောင်း တီကိုသို့ ပြန်ပြောင်းရန် နီးစပ်နေ

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အသင်းဟောင်း အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြန်လည်ပြောင်းရွှေ့လိုပြီး ပြောင်းရွှေ့ဖို့လည်း နီးစပ်နေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီယေဂိုကော်စတာဟာ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြကစားပြီး ဂိုးတွေ သွင်းယူပေးထားနိုင်ပေမယ့်လည်း အက်သလက်တီကို အသင်းကိုပဲ ပြန်လည်ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ မိသားစုက စပိန်မှာ ရှိနေတဲ့အတွက် ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။ ပြောင်းရွှေ့လိုတဲ့သတင်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာတော့ သူက ချဲလ်ဆီးအသင်း ပရိသတ်တွေဟာ အပြည့်အဝ အားပေးကြတဲ့အတွက် ပျော်ရွှင်မိပြီး အသင်းမှာနေရတာလည်း ပျော်တယ်လို့ ပြောပါသေးတယ်။ ဒါပေမယ့်လည်း မိသားစုအရေးကြောင့် ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။ နောက်ပြီးတော့ အခုဘောလုံးရာသီ မစတင်ခင်ကတည်းက သူ့ရဲ့ ဆိုးသွမ်းတဲ့ အမူအကျင့်တွေကို ပြင်ဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up