မြန်မာပြည် လုံခြုံငြိမ်းချမ်း၊ ကြွယ်ဝချမ်းသာစေရန် အမေရိကန်ဆုတောင်း

လာမယ့်နှစ်သစ်မှာ မြန်မာပြည်သူတွေအားလုံး လုံခြုံငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝစေဖို့ ဆုတောင်းတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။ ဇန်န၀ါရီ ၄ ရက်မှာ ကျရောက်မယ့် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သမ္မတ အိုဘားမားနဲ့ အမေရိကန်ပြည်သူတွေကိုယ်စား ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာပြည်မှာဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စီးပွားကြွယ်ဝ ချမ်းသာရေး၊ လူမှုဖူလုံရေးနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာရေးကိစ္စတွေ အောင်မြင်ဖို့ မြန်မာနဲ့ အနီးကပ်ဆက်ဆံ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန် ပြည်ထောင်စုက ကြေညာပါတယ်။ ရာစုနှစ်တစ်ဝက်ကျော်ကာလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ ပထမဆုံး အရပ်သားအစိုးရတက်လာတာကြောင့် ပြီးခဲ့တဲ့နှစ်ဟာ မြန်မာပြည်အတွက် သမိုင်းဝင်တဲ့နှစ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်ကို ချစ်ကြည်ရေး လာရောက်ခဲ့ တာနဲ့ မြန်မာပြည်အပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကို သမ္မတအိုဘားမားက ပြန်ရုပ်သိမ်းပေးခဲ့တာဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရဲ့ ထင်ရှားတဲ့ အမှတ်သင်္ကေတ ဖြစ်ခဲ့တယ်လို့လည်း ဂျွန်ကယ်ရီက ကြေညာချက်မှာပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up