Home
အထွေထွေ
နှစ်သစ်ကူး ဆုတောင်း
DVB
·
January 1, 2017
naing-han-tharနိုင်ဟံသာ “ဟုတ်ကဲ့ ၂၀၁၆ မှာ အမှန်ကတော့ ၂၁ ပင်လုံအပြီးမှာပေါ့နော်။ ငြိမ်းချမ်းဖို့ပါပဲ။ ဒါပေမယ့် ဒီနှစ်က တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လာတယ်။ ဒီလိုပဲ ဆက်ပြင်းထန်နေရင်တော့ ကျနော်တို့နိုင်ငံက ပိုပြီးတော့ ဒုက္ခရောက်မယ်။ လူထုတွေလည်း ဒုက္ခရောက်မယ်။ ဒီ ၂၀၁၇ ခုနှစ်မှာတော့ ဒီပြဿနာ အမြန်ပြေလည်ပြီးတော့ တိုင်းရင်းသားတွေအားလုံး အေးအေးချမ်းချမ်းနဲ့ နေနိုင်ပါစေ။ နောက် အိုင်ဒီဘီတွေ၊ စစ်ဘေးဒုက္ခသည်တွေလည်း နေရပ်မြန်မြန်ပြန်နိုင်ပါစေ။ နှစ်ဘက်တိုက်ခိုက်နေတဲ့ကိစ္စလည်း အမြန်ပြေလည်ပြီးတော့ ငြိမ်းချမ်းရေးကိုလည်း အမြန်ဖော်ဆောင်နိုင်ပါစေ။ အဲလို ဖော်ဆောင်နိုင်ဖို့အတွက်လည်း သင့်တော်ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်ပေါ်ပေါက်လာပါစေလို့ ဆုတောင်းပါတယ်။ အဲဒီလို ဖြစ်နိုင်ဖို့အတွက်လည်း သက်ဆိုင်ရာ ခေါင်းဆောင်တွေ၊ တာဝန်ခံတွေကလည်း ကြိုးပမ်းကြပါလို့ တိုက်တွန်းလိုပါတယ်။” sai-nyunt-lwinစိုင်းညွန့်လွင် “၂၀၁၇ က နိုင်ငံတော်အတွက် အင်မတန်မှ အရေးကြီးတဲ့နှစ်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က အားလုံးသာသာယာယာနဲ့ တယောက်နဲ့တယောက် သဘောပေါက်ပြီးတော့ ညှိညှိနှိုင်းနှိုင်း ဆွေးနွေးနိုင်တဲ့ အနေအထားမျိုး ရောက်ပါစေလို့ပဲ ဆုတောင်းရမှာပါ။ ၂၀၁၇ ခုနှစ်ဟာ မြန်မာပြည်ရဲ့ အဆုံးအဖြတ်နှစ် တနှစ်လည်း ဖြစ်လာနိုင်တဲ့အတွက် ကျနော်တို့ ပိုပြီးတော့ ဂရုစိုက်ရမယ့်နှစ် ဖြစ်ပါတယ်။ အားလုံးလည်း ညီညီညွတ်ညွတ်၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဒေါသရှေ့မထားဘဲနဲ့ နိုင်ငံတော်အတွက်ကိုပဲ ဦးတည်ပြီးတော့ လုပ်စေချင်ပါတယ်။” မေး - အခုကျနော်တို့ ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကကော ၂၀၁၇ နှစ်မှာ ငြိမ်းသွားမလား။ ဖြေ - “အဲဒါတော့ နှစ်ဘက်ရဲ့ သဘောထားပေါ်မှာ အများကြီး မူတည်ပါတယ်။ တမိနစ်တောင် မဆိုင်းစေချင်ပါဘူး။ ချက်ချင်း ရပ်ဆိုင်းစေချင်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ ကြိုးစားနေပါတယ်။” ဒေါ်ခင်ဥမ္မာkhin-ohnmar “ပထမဆုံးအနေနဲ့ ဒီဗွီဘီအတွက် အရင်ဆုတောင်းချင်ပါတယ်။ ဒီဗွီဘီဝိုင်းတော်သားများအားလုံး ၂၀၁၇ မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ သတင်းမီဒီယာ ပြည်သူလူထုအတွက် စစ်မှန်တဲ့ သတင်းအချက်အလက်တွေကို ဆက်လက်ပြီး အခုလိုပဲ ဖော်ဆောင်ပေးနိုင်ပါစေ။ အဲဒီသတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန် ပြည်သူဆီကို ပို့ပြီးတော့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေအတွက် တရားမျှတမှု၊ အမှန်တရားနဲ့ လူ့အခွင့်အရေးတွေ ရရှိလာဖို့အတွက် တထောင့်တကဏ္ဍကနေ အားဖြည့်နိုင်တဲ့သူတွေ၊ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် စွမ်းဆောင်တဲ့ကဏ္ဍက ပါဝင်တဲ့သူတွေ ဖြစ်ကြပါစေလို့ အရင်ဆုံး ကျမ ဆုတောင်းချင်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ နှစ်ပေါင်းများစွာ ကြိုးစားလာတဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးလမ်းစတွေကို မြင်နိုင်ဖို့အတွက် ကြိုးစားခဲ့ကြတာဆိုရင် ၂၀၁၆ ကုန်တဲ့အခါမှာ ၂၀၁၇ မှာ တကယ် ကျမတို့မြင်ချင်တဲ့ ပြည်သူတွေအားလုံးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ၂၀၁၇ ဟာ ကျမတို့ပြည်သူတွေအတွက် ငြိမ်းချမ်းပြီး လုံခြုံတဲ့ဘဝတွေ ရဖို့အတွက် အလင်းရောင်လမ်းစတွေ ပိုပြီးမြင်ရတဲ့ နှစ်သစ်တခု ဖြစ်ပါစေ။ အဲဒီလို နှစ်သစ်ဖြစ်နိုင်ဖို့ကိုလည်း ကျမတို့အားလုံး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ညီအစ်ကို မောင်နှမတွေရော၊ နိုင်ငံရေးလုပ်ဆောင်နေကြတဲ့ ခေါင်းဆောင်တွေအားလုံး ဒီထက်ပိုပြီး ငြိမ်းချမ်းရေးကို တကယ်စစ်မှန်တဲ့ ရေရှည်တည်တံ့ခိုင်မြဲမယ့်၊ ပြည်သူအတွက် တကယ်အကျိုးပြုမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ ခွန်အားအသစ်၊ အတွေးအခေါ်အသစ်၊ အကြံဉာဏ်အသစ်တွေနဲ့ ရှိနိုင်ပါစေလို့ ဆုတောင်းပါတယ်ရှင့်။” ခူဦးရယ်khu-oo-ral “စိတ်တူကိုယ်တူ သဘောတူနဲ့ ယုံယုံကြည်ကြည် ညီရင်းအစ်ကိုလို စိတ်ထားနဲ့ ကျနော်တို့ အတူတကွ ဝိုင်းဝန်းပံ့ပိုးကြပြီးတော့ ဖော်ဆောင်ကြပါစို့လို့ ကျနော် နှစ်သစ်ဆုတောင်းနဲ့ အဲဒီလို တိုက်တွန်းစကားလည်း ဟုတ်တယ်၊ မေတ္တာပို့သတဲ့ စကားလည်း ဟုတ်ပါတယ်။” ဦးထွန်းဇော် “နှစ်သစ်မှာ ကျနော်တို့ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ၂၀၁၆ မှာ ကျနော်တို့ တိုင်းသူပြည်သားတွေ ဘက်ပေါင်းစုံက တိုင်းပြည်တိုးတက်ရေး၊ ငြိမ်းချမ်းသာယာဝပြောရေးအတွက် ကြိုးစားခဲ့ကြတဲ့၊ အားထုတ်ခဲ့ကြတဲ့ ပြည်သူ ပြည်သားအပေါင်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများအပေါင်းလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ အခု ကြုံတွေ့နေရတဲ့ ကျနော်တို့တိုင်းပြည်ရဲ့ အကျပ်အတည်းကလည်းပဲ လွန်မြောက်နိုင်ပါစေလို့ ကျနော် ဆုမွန်ကောင်းတောင်းပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024