Home
မြန်မာသတင်း
ခန္တီးဆေးရုံတွင်တင်ထားသည့် အချုပ်သားတဦး ဆေးရုံမှ ထွက်ပြေး
DVB
·
December 31, 2016
စစ်ကိုင်းတိုင်း ခန္တီးမြို့မရဲစခန်းက အချုပ်သားတဦး ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းက ထွက်ပြေးသွားခဲ့ပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အောင်နိုင်ထွန်းဟာ ကျန်းမာရေးကြောင့် ခန္တီးဆေးရုံကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ တင်ပို့ထားခဲ့ရာက ၃၀ ရက်နေ့မှာ ထွက်ပြေးသွားခဲ့တာလို့ ခန္တီးမြို့မစခန်းမှူး ဒု-ရဲမှူး  သန်းထွေးက ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ခန္တီးခရိုင် အချုပ်ခန်းမှ အချုပ်သား ၉ ဦး ထွက်ပြေးခဲ့ပြီး ၈ ကို ပြန်ဖမ်းဆီးနိုင်ခဲ့ကာ တဦးကိုတော့ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ သတင်း - အောင်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024