တောင်ကိုရီးယား ဘွဲ့ရတွေ အလုပ်အကိုင်ရှားပါး
DVB
·
November 22, 2011
တောင်ကိုရီးယားရဲ့ အောင်မြင်တဲ့ ပညာရေးစနစ်အပေါ် တကမ္ဘာလုံးက ချီးကျူးပြောဆိုလေ့ ရှိပါတယ်။ တောင်ကိုရီးယားမှာ အထက်တန်းဆင့်အောင်မြင်သူ ၈၀ ရာခိုင်နှုန်းနီးပါးက တက္ကသိုလ်နဲ့ ကောလိပ်တွေ တက်ကြပါတယ်။ ဒါပေမဲ့ အခု အဲဒီ့ ပညာတတ်ဘွဲ့ရတွေအတွက် အလုပ်အကိုင် အလုံအလောက်မရှိ ဖြစ်နေပါတယ်။ ကိုရီးယားအစိုးရက သားသမီးတွေကို ကောလိပ် အရမ်းမပို့ကြဖို့ မိဘတွေကို နားချပြောဆိုနေရပါတယ်။ ဒီအကြောင်းကို ဆိုးလ်မြို့မ သတင်းထောက် `ဂျေဆင် စတိုသာ´ (Jason Strother) က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန်သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။