Live
Home
မြန်မာသတင်း
ဘုတလင်မြို့တွင် အပျော်စီးရဟတ် ပျက်ကျ၊ ၉ တန်းကျောင်းသားတဦး သေဆုံး
DVB
·
December 31, 2016
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့မှာ ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီလောက်က ကြောင်ပန်းဘုန်းကြီးကျောင်းတွင်း ကျင်းပတဲ့ ဘုရားပွဲဈေးမှာ အပျော်စီးရဟတ်တွဲတန်း ပျက်ကျခဲ့လို့ ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသားတဦး သေဆုံးသွားခဲ့ပါတယ်။ ပျက်ကျခဲ့တဲ့ အပျော်စီးရဟတ်တွဲတန်းဟာ အမြင့်ပိုင်းက ပျက်ကျခဲ့တာဖြစ်ပြီး လူ ၃ ဦး ဒဏ်ရာရရှိသွားသလို လူငယ်တဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ မန္တလေးဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တာပါ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘုတလင်မြို့မရဲစခန်းမှ ရဟတ်တွဲ တာဝန်ရှိသူတွေကို ဖမ်းဆီးစစ်ဆေး အရေးယူထားတယ်လို့လည်း သိရပါတယ်။ ကြောင်ပန်းဘုရားပွဲဟာ ဘုတလင်မြို့မှာ နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပတဲ့ ဘုရားပွဲတပွဲလည်း ဖြစ်ပါတယ်။ သတင်း - ရန်နိုင်စိုး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024