ထူးထူးခြားခြား နေအိမ်ခေါင်မိုးမှ အိမ်တွင်းဖောက်ဝင်သည့် ကား (ရုပ်သံ)

ဒီဇင်ဘာ ၃၀ ရက်နေ့က မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဝင်စ်တန် ဆာလမ် (WINSTON-SALEM) မြို့မှာ ထူးဆန်းတဲ့ ယဉ်တိုက်မှုတခု ဖြစ်ခဲ့ပါတယ်။ အဖွားအိုတဦး မောင်းနှင်လာတဲ့ မော်တော်ကားတစီးဟာ လမ်းဘေးရှိ နေအိမ်ခေါင်မိုးကို ရုတ်တရက်ဝင်တိုက်ပြီးတဲ့နောက် အိမ်ခေါင်မိုးကတဆင့် အိမ်ထဲပြုတ်ကျ တိမ်းမှောက်ခဲ့ပါတယ်။ ကားတိုက်မှုကြောင့် နေအိမ်ခေါင်မိုးမှာ အပေါက်ကြီးဖြစ်သွားပုံ၊ အဲ့ဒီအပေါက်ကတဆင့် ပြုတ်ကျသွားတဲ့ကားကို ရဲတွေက ကရိန်းနဲ့သယ်ထုတ်ပုံတွေကို ရိုက်တာသတင်းဌာနက ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းအတွင်း မြင်တွေ့ကြရပါတယ်။ ယဉ်တိုက်မှုကြောင့် အိမ်ထဲနေထိုင်သူ တဦးတယောက်မှ ဒဏ်ရာမရရှိသလို မောင်းနှင်သူ အဖွားအိုလည်း ကံကောင်းထောက်မစွာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပါတယ်။ အသက်အရွယ်ကြီးရင့်နေတဲ့ အဖွားအိုဟာ ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်တာကြောင့် တယောက်တည်း ကားမောင်းလာစဉ် လမ်းခုလတ်မှာ ကားကို မထိန်းနိုင်တော့ဘဲ အခုလို ဝင်တိုက်ခဲ့တာဖြစ်ကြောင်း အန်ဘီစီသတင်းဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up