A d v e r t i s e m e n t With Us

တောင်ကိုရီး​ယား​ ဘွဲ့​ရ​တွေ အလုပ်အကိုင်ရှား​ပါး

တောင်ကိုရီး​ယား​ရဲ့​ ​အောင်မြင်တဲ့​ ပညာ​ရေး​စနစ်အ​ပေါ် တကမ္ဘာလုံး​က ချီး​ကျူး​ပြောဆို​လေ့​ ရှိပါတယ်။ ​တောင်ကိုရီး​ယား​မှာ အထက်တန်း​ဆင့်​အောင်မြင်သူ ၈၀ ရာခိုင်နှုန်း​နီး​ပါး​က တက္ကသိုလ်နဲ့​ ​ကောလိပ်​တွေ တက်ကြပါတယ်။ ဒါ​ပေမဲ့​ အခု အဲဒီ့​ ပညာတတ်ဘွဲ့​ရ​တွေအတွက် အလုပ်အကိုင် အလုံအ​လောက်မရှိ ဖြစ်​နေပါတယ်။ ကိုရီး​ယား​အစိုး​ရက သား​သမီး​တွေကို ​ကောလိပ် အရမ်း​မပို့​ကြဖို့​ မိဘ​တွေကို နား​ချ​ပြောဆို​နေရပါတယ်။ ဒီအ​ကြောင်း​ကို ဆိုး​လ်မြို့​မ သတင်း​ထောက် `​ဂျေဆင် စတိုသာ´ (Jason Strother) က သတင်း​ပေး​ပို့​ထား​တာပါ။ ဒီဘာသာပြန်သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up