ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးရုံတွေမှာ မွေးဖွားဖို့ နီပေါအစိုးရ ငွေထောက်ပံ့
DVB
·
November 21, 2011
တောင်အာရှဒေသမှာ နီပေါနိုင်ငံဟာ အမျိုးသမီးတွေ ကလေးမီးဖွားရင်းသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အဲဒီအမျိုးသမီး အများစုဟာ ဆေးဝါးနဲ့ ကုသမှုစရိတ် ကြီးမြင့်တာကြောင့် ဆေးရုံဆေးခန်းတွေ မသွားနိုင်ဘဲ၊ အိမ်မှာ မီးဖွားရင်း သေဆုံးကြရတာ ဖြစ်ပါတယ်။ အခု နီပေါအစိုးရက ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးရုံမှာ ဆရာဝန်နဲ့ ပြသနိုင်ဖို့၊ ကလေးမွေးဖွားနိုင်ဖို့ ငွေထုတ် ပေးနေပြီး၊ အောင်မြင်မှုတွေလည်း အများကြီး ရရှိလာပါတယ်။ ဒီအကြောင်းကို ခါသမန်ဒူမြို့မှ သတင်းထောက် ‘ဆူနီ နျူပန်နီ’ (Sunil Neupane)က သတင်းပေးပို့ထားတာပါ။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။