မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲမှ သဘောတူညီချက် ၁၆ ချက် ရရှိ
DVB
·
December 31, 2016
ဒီဇင်ဘာ ၃၀ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင် ၃ ခုနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ရဲ့ မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲကနေ သဘောတူညီချက် ၁၆ ချက် ရရှိခဲ့ပါတယ်။
မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲ သဘောတူညီချက်တွေထဲမှာ နားလည်မှုလွဲမှားစေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ခံအယ်ဒီတာတွေကို ဦးစွာ ဆက်သွယ်ဆွေးနွေးဖို့၊ မီဒီယာသမားတွေကို ခွဲခြားဆက်ဆံတာ မရှိစေရေး စီစဉ်ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။