တရုတ် မြေအောက်ရထားတစင်းပေါ်တွင် ထိတ်လန့်ဖွယ် အုပ်စုလိုက် သေကြောင်းကြံမှုဖြစ်ပွား (ရုပ်သံ)

တရုတ်နိုင်ငံမှ မြေအောက်ရထားတစင်းပေါ်မှာ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃ ဦးပါဝင်တဲ့ ၈ ဦး အုပ်စုတစုဟာ တပြိုင်တည်း အဆိပ်သောက် သေကြောင်းကြံစည်မှုတခု ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘေဂျင်းမြို့၊ မြေအောက်ရထားတစင်းပေါ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူတို့ဟာ သံဘူးထဲက အဆိပ်လို့ယူဆရတဲ့ ထူးဆန်းတဲ့အရည်တမျိုးကို သောက်ခဲ့ကြပြီးနောက်မှာ မျက်နှာတွေရှုံ့မဲ့ပြီး ရထားကြမ်းခင်းပေါ် တချို့လဲပြိုကာ သတိလစ်သွားခဲ့ကြတာကို တွေ့ရပါတယ်။ ရထားပေါ်က တခြားသူတွေဟာ ဒီအဖြစ်အပျက်ကို ငေးကြောင်ကာ ရပ်ကြည့်နေခဲ့ကြတာကို တွေ့ရပါတယ်။ ရထားတာဝန်ကျရဲတွေ ရောက်ရှိလာချိန်မှာတော့ ဘူးထဲက အဖြူရောင်အရည်တွေဟာ ကြမ်းပြင်ပေါ်မှာ ဖိတ်စင်ကျနေခဲ့ပြီး လဲကျနေသူတွေကို တရွတ်ဆွဲ ခေါ်သွားခဲ့ကြတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့အုပ်စုထဲက ၄ ဦးဟာ သတိလစ်နေရာက ပြန်နိုးထလာခဲ့ကြပြီး ကျန်တဲ့ ၄ ဦးကတော့ ပြင်းပြင်းထန်ထန် အဆိပ်သင့်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ Ephoch Times သတင်းတပုဒ်မှာတော့ သူတို့ဟာ စတော့အိပ်ချိန်း ငွေကြေးခဝါချမှုတွေကြောင့် ကြွေးမြီတွေ အများကြီးတင်နေခဲ့တဲ့အတွက် ခုလိုလုပ်ခဲ့ကြတာလို့ ဖော်ပြခဲ့တာပါ။ သေကြောင်းကြံစည်ခဲ့ကြသူတွေဟာ အသက် ၃၀ နဲ့ ၆၀ ကြားအရွယ်တွေဖြစ်ကြပြီး နီးစပ်တဲ့ သတင်းရင်းမြစ်တခုကတော့ ရဲတွေနဲ့ တာဝန်ရှိဝန်ထမ်းတွေဟာ ဒီအဖြစ်အပျက်ကို စတင်မြင်ချိန်မှာ အရေးပေါ်ကယ်ဆယ်ရေးဆီ မဆက်သွယ်ခဲ့ဘဲ သူတို့ကို ပလက်ဖောင်းအတိုင်း တရွတ်ဆွဲခေါ်ဆောင်သွားခဲ့တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up