အိန္ဒိယနိုင်ငံက ဆာရီ ချည်ပန်းထိုး ကလေးလုပ်သားများ
DVB
·
November 18, 2011
အမေရိကန်ပြည်ထောင်စုနဲ့ အခြားအနောက်နိုင်ငံတွေက အိန္ဒိယက ကလေးတွေရဲ့လုပ်အားနဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ပိတ်ပင်ဖို့အတွက် သွင်းကုန်တားမြစ်ရေး မူဝါဒတွေ ချမှတ်ဆောင်ရွက်နေပါတယ်။ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုကတော့ အိန္ဒိယနိုင်ငံ အနောက်ဖက် ဘန်ဂေါပြည်နယ် ကျေးရွာတွေက ကလေးတွေ ထုတ်လုပ်တဲ့ လှပတဲ့ ဆာရီ ချည်ပန်းထိုးအထည်တွေ တင်ပို့မှုကို ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ၄ နှစ်အရွယ်ကစပြီး ကလေးအများအပြားက မိသားစုဝင်ငွရဖို့ နေ့စဉ်အလုပ် လုပ်နေရတဲ့အကြောင်း သတင်းထောက် ‘ဥမာရက် ဂျာမလီ’ (Umarah Jamali)က သတင်းပေးပို့ထားတာကို နားဆင်ရမှာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။