အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်နှင့် နောက်ခံလူ မူစတာဖီတို့ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်

အာဆင်နယ်တိုက်စစ်မှူး ဒယ်နီဝဲလ်ဘက်နဲ့ နောက်တန်းကစားသမား မူစတာဖီတို့ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာ ပြန်လည်ပွဲထွက်လာဖို့ ရှိနေပါတယ်။ တိုက်စစ်မှူးဝဲလ်ဘက်ဟာ ဒူးဒဏ်ရာကြောင့် ၉ လခန့် အနားယူခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနေပြီဖြစ်ပါတယ်။ နောက်ခံလူ မူစတာဖီဟာဆိုရင်လည်း တံကောက်ကြောဒဏ်ရာကြောင့် ၂ ပတ် အနားယူခဲ့ရပြီး လက်ရှိအချိန်မှာ အသင်းနဲ့ လေ့ကျင့်ခန်းပြင်ဆင်းနေပြီလို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီ ၁ ရက်နေ့မှာ တန်းဆင်းဇုန်နား ရောက်နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ တောင်ပံတိုက်စစ်မှူးတွေဖြစ်တဲ့ ဝဲလ်ကော့က ခြေသလုံးဒဏ်ရာ၊ ချိန်ဘာလိန်က တံကောက်ကြောဒဏ်ရာ၊ ဘယ်နောက်ခံလူ ကီရန်ဂစ်ဘ်ကလည်း ဒူးဒဏ်ရာ ရရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up