အိန္ဒိယ မီဒီယာလွတ်လပ်ခွင့် ပြန်သုံးသပ်ဖို့လို
Published By
DVB | 17 November, 2011
888
0
Share
0
Comment
0
Likes

မီဒီယာ စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ အိန္ဒိယ သတင်းစာကောင်စီက အိန္ဒိယမှာ ထွက်ရှိနေတဲ့ ပုံနှိပ်မီဒီယာနဲ့ အွန်လိုင်းသတင်းတွေဟာ တာဝန်မဲ့ရေးသားမှုတွေ ရှိနေတာမို့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့လိုအပ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် မီဒီယာသမားတွေကလည်း အဲဒီပြောဆိုမှုဟာ သတင်းစာလွတ်လပ်ခွင့်ကို တိုက်ခိုက်တာဖြစ်ကြောင်း ပြန်ဝေဖန်ကြပါတယ်။ သတင်းစာသမားအများစုကတော့ မကြာခဏ တာဝန်မဲ့ ရေးသားမှုတွေ ရှိတယ်ဆိုတာကို ဝန်ခံပေမဲ့၊ သတင်းလွတ်လပ်ခွင့် ပိတ်ပင်ကန့်သတ်မှုကိုတော့ ဆန့်ကျင်ကြတယ်လို့ နယူးဒေလီမြို့မှ သတင်းထောက် ‘ဘစ်မီလာ ဂီလာနီ’ (Bismillah Geelani) က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်ကဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။