ဩစေၾတးလ် အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုခံနေရတဲ့ အင်ဒိုနီးရှားက ရေလုပ်သားများ
DVB
·
November 16, 2011
ယခုအခါ ဩစတြေးလျနိုင်ငံဟာ ၎င်းရဲ့ ပယ်လယ်ရေကြောင်းပိုင်နက်ကို အကြမ်းပတမ်းနည်းသုံးပြီး စီမံခန့်ခွဲမှုတွေ လုပ်နေပါတယ်။ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံက တံငါသည်တွေကိုလည်း အရင်ကတည်းက ငါးဖမ်းနေကျနေရာတွေကနေ ဖမ်းဆီးပြီး၊ ဩစတြေးလျ ရေပိုင်နက်ထဲ ကျူးကျော်မှုနဲ့ ဖမ်းဆီး ထောင်ချ၊ ဒဏ်ငွေတပ်တာတွေ လုပ်လာပါတယ်။ တံငါသည်တွေမှာ သူတို့လှေတွေ နေရာမှာတင် မီးရှို့ခံရပြီး၊ အကြွေးလည်ပင်းနစ်နေကြပါတယ်။ ၂၀၀၉ ခုနှစ်မှာ ငါးဖမ်းလှေ တထောင်ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။ အင်ဒိုနီးရှားငါးဖမ်းသမားတွေကို ဩစတြေးလျတရားရုံးမှာ ရုံးတင်တာမျိုး မပြုလုပ်ဘဲ ထောင်ချတာမျိုးလည်း ပြုလုပ်ပါတယ်။ ဒီအကြောင်းတွေကို အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် ကူပန်မြို့က သတင်းထောက် ‘ရေဘက်ကာ ဟန်ရှကီး’ ( Rebecca Henschke)က ရေလုပ်သားတွေ သူတို့ရဲ့မိသားစုဝင်တွေနဲ့ တွေ့ဆုံမေးမြန်း သတင်းပေးပို့ထားတာကို နားဆင်ရမှာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။