အစိုးရ စပါးဝယ်မည့်အစီအစဉ်ရုပ်သိမ်း
DVB
·
December 30, 2016
ပြင်ပစပါးပေါက်ဈေး ပိုမြင့်နေလို့ အစိုးရက စပါးဝယ်မယ့် အစီအစဉ်ကို ရုပ်သိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရပါတယ်။
စပါးဈေး ကျဆင်းခဲ့တဲ့ နိုဝင်ဘာလ အတွင်းက အစိုးရက စပါးတင်းတစ်ရာကို ငွေကျပ်လေးသိန်းနဲ့ ပြည်နယ်တိုင်းအလိုက်ဝယ်ယူဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိပြည်တွင်းစေျးကွက်မှာ စပါးဈေးတွေ ပြန်တက်လာနေပြီး ဧရာဝတီ ၊ကျောက်ဆည် နဲ့ စစ်ကိုင်းတိုင်းတို့မှာ စပါးတင်းတစ်ရာကို ကျပ်ငါးသိန်းကနေ ကိုးသိန်းအထိ အရည်အသွေး အလိုက်ပေါက်ဈေး ရှိနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
ဒီဇင်ဘာ လအတွင်းမှာ တရုတ်နိုင်ငံ၊ ဥရောပနိုင်ငံနဲ့ အာရှနိုင်ငံ အချို့ကို ဆန်တင်ပို့လာနိုင်ပြီလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းကပြောပါတယ်။
သတင်း - AMIA