Home
အာရှဒေသ
နီ​ပေါမှာ လိင်တူ ထိမ်း​မြား​လက်ထပ်မှုကို တရား​ဝင်ခွင့်​ပြု
DVB
·
November 15, 2011
နီ​ပေါနိုင်ငံမှာ လိင်တူချစ်သူ အမျိုး​သား​၊​ အမျိုး​သမီး​နဲ့​ လိင်​ပြောင်း​လဲထား​သူ စုံတွဲ​တွေကို လိင်ပိုင်ဆိုင်ရာ အခွင့်​အ​ရေး​ အကာအကွယ်​ပေး​ဖို့​ ဥပ​ဒေတရပ် ​ရေး​ဆွဲ​နေပါတယ်။ ဗဟိုတရား​ရုံး​က လိင်တူစုံတွဲ​တွေ လက်ထပ်နိုင်ခွင့်​အတွက် တရား​ဝင်အာမခံချက်​ပေး​ဖို့​ အစိုး​ရကို အမိန့်​ပေး​ခဲ့​ ပါတယ်။ ယခုနှစ်အ​စောပိုင်း​ အ​မေရိကမှာ ပညာသင်ပြီး​ ပြန်လာတဲ့​ ​ရှေ့​နေနဲ့​ ​ကောလိပ်ပါ​မောက္ခတို့​နှစ်ဦး​ အမျိုး​သမီး​ချင်း​ တရား​ဝင် လက်ထပ်ခဲ့​ကြပါတယ်။ နီ​ပေါမှာ ပထမဆုံး​အကြိမ် လူအများ​ရှေ့​ လိင်တူ ထိမ်း​မြား​လက်ထပ်တဲ့​ အခမ်း​အနား​ ပါပဲ။ နီ​ပေါမှာ စစ်တမ်း​ကောက်ယူမှုအရ၊​ လိင် ပြုပြင်​ပြောင်း​လဲသူများ​ကို တတိယလိင်အဖြစ် လူအများ​က အသိအမှတ်ပြု လာကြပါတယ်။ ဒါ​ပေမဲ့​ လိင်တန်း​တူအခွင့်​အ​ရေး​ အ​ခြေအ​နေရရှိဖို့​တော့​ အများ​ကြီး​လျှောက်လှမ်း​ရဦး​မယ်ဖြစ်ပါတယ်။ ဒီအ​ကြောင်း​ ခါသ်မန်ဒူမြို့​မှ သတင်း​ထောက် ‘ရာဂျန် ပါရာဂျူလီ’ (Rajan Parajuli )ကသတင်း​ပေး​ပို့​ထား​တာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024