ပြည်တွင်းရာဘာဈေး ပြန်လည်ကျဆင်း
DVB
·
December 30, 2016
နိုင်ငံတကာရော်ဘာဈေးကျဆင်းနေလို့ ပြည်တွင်းရာဘာဈေးတွေ တရိတ်ရိတ်ပြန်ကျနေတယ်လို့ မြန်မာနိုင်ငံ ရာဘာအသင်းက သတင်းရရှိပါတယ်။
ရော်ဘာ(RSS 3) တစ်ပေါင်ကို ပြည်တွင်းဈေး ကျပ် ၁၀၀၀ ၀န်းကျင်ပဲရှိပြီးတော့ ငွေကျပ်တစ်ရာကျော် ဈေးကျသွားလို့ ဈေးကွက်မှာ အရောင်းအ၀ယ် အေးစက်နေတယ်လို့ပြောပါတယ်။
ရာဘာလုပ်ငန်းရှင်အချို့ ကတော့ ဈေးအတက် ဖြစ်လာနိုင်မယ့်အခြေအနေ ကို စောင့်ဆိုင်းနေ ကြတယ် လို့ဆိုပါတယ်။
ရာဘာဈေးတွေဟာ အောက်တိုဘာလက တစ်ပေါင်ကို ငွေကျပ် ခြောက်ရာ ရှိရာက နေ တစ်ထောင်ကျော်အထိ တက်လာခဲ့တာဖြစ်ပါတယ်။
မြန်မာ့ရာဘာကိုတော့ တရုတ်နိုင်ငံကို အဓိက ရောင်းချတာဖြစ်ပါတယ်။
သတင်း - AMIA