A d v e r t i s e m e n t With Us

နီ​ပေါမှာ လိင်တူ ထိမ်း​မြား​လက်ထပ်မှုကို တရား​ဝင်ခွင့်​ပြု

နီ​ပေါနိုင်ငံမှာ လိင်တူချစ်သူ အမျိုး​သား​၊​ အမျိုး​သမီး​နဲ့​ လိင်​ပြောင်း​လဲထား​သူ စုံတွဲ​တွေကို လိင်ပိုင်ဆိုင်ရာ အခွင့်​အ​ရေး​ အကာအကွယ်​ပေး​ဖို့​ ဥပ​ဒေတရပ် ​ရေး​ဆွဲ​နေပါတယ်။ ဗဟိုတရား​ရုံး​က လိင်တူစုံတွဲ​တွေ လက်ထပ်နိုင်ခွင့်​အတွက် တရား​ဝင်အာမခံချက်​ပေး​ဖို့​ အစိုး​ရကို အမိန့်​ပေး​ခဲ့​ ပါတယ်။ ယခုနှစ်အ​စောပိုင်း​ အ​မေရိကမှာ ပညာသင်ပြီး​ ပြန်လာတဲ့​ ​ရှေ့​နေနဲ့​ ​ကောလိပ်ပါ​မောက္ခတို့​နှစ်ဦး​ အမျိုး​သမီး​ချင်း​ တရား​ဝင် လက်ထပ်ခဲ့​ကြပါတယ်။ နီ​ပေါမှာ ပထမဆုံး​အကြိမ် လူအများ​ရှေ့​ လိင်တူ ထိမ်း​မြား​လက်ထပ်တဲ့​ အခမ်း​အနား​ ပါပဲ။ နီ​ပေါမှာ စစ်တမ်း​ကောက်ယူမှုအရ၊​ လိင် ပြုပြင်​ပြောင်း​လဲသူများ​ကို တတိယလိင်အဖြစ် လူအများ​က အသိအမှတ်ပြု လာကြပါတယ်။ ဒါ​ပေမဲ့​ လိင်တန်း​တူအခွင့်​အ​ရေး​ အ​ခြေအ​နေရရှိဖို့​တော့​ အများ​ကြီး​လျှောက်လှမ်း​ရဦး​မယ်ဖြစ်ပါတယ်။ ဒီအ​ကြောင်း​ ခါသ်မန်ဒူမြို့​မှ သတင်း​ထောက် ‘ရာဂျန် ပါရာဂျူလီ’ (Rajan Parajuli )ကသတင်း​ပေး​ပို့​ထား​တာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up