Home
မြန်မာသတင်း
သီပေါမြို့နယ် စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန်လည်ပို့ဆောင်
DVB
·
December 30, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဘော်ကြိုဘုရားကြီး စစ်ရှောင်စခန်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မနက်ပိုင်းက နေရပ် ပြန်လည်ပို့ဆောင်နေပါတယ်။ ဘော်ကြိုဘုရားကြီးစစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ ၅၂၃ ဦးရှိပြီး အုံမုကျေးရွာစု၊ ပန်ခါးကျေးရွာနဲ့ မန်လွယ်ကျေးရွာကနေစစ် ဘေးရှောင်လာတဲ့ ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။ လက်ရှိ အဲဒီကျေးရွာတွေအနီးမှာ တိုက်ပွဲသံတွေ မကြားရတော့တာကြောင့် သူတို့ နေထိုင်ရာ အရပ်ကို သီပေါမြို့မှာရှိတဲ့ ပရဟိတအဖွဲ့တွေက ကားကူညီပေးပြီး ပြန်လည်ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ သီပေါမြို့ပေါ်မှာ စစ်ရှောင်စခန်း ၆ ခုရှိရာ စခန်း ၅ ခုက စစ်ရှောင်ပြည်သူတွေကတော့ နေရပ်ပြန်သွားကြတာ ဖြစ်ပါတယ်။ နေရပ်ပြန်ဖို့ကျန်ရှိတဲ့ စစ်ရှောင်စခန်းကတော့ သီပေါမြို့၊ မိုးတေကျေးရွာအုပ်စုမှာရှိတဲ့ မန်ကောင်းစစ်ရှောင်စခန်း ဖြစ်ပါတယ်။ မန်ကောင်းစစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ ၁၅၉ ဦးရှိပြီး သူတို့တွေဟာ မန်တုံမြို့နယ်အတွင်းက ကုံးမုံ၊ မော်နေ၊ ကောင်းမှူး၊ ကုန်းညောင်၊ ဝမ်မိုင်ကျေးရွာတွေကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေ ဖြစ်ပါတယ်။ မန်ကောင်းစစ်ရှောင်စခန်းက မိသားစုတွေကတော့ သူတို့ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေလို့ နေရပ်မပြန်ချင်ကြတော့ဘူးလို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - ခွန်မျိုးဆက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024