အမေရိကန် Utah တက္ကသိုလ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ လူ ၂ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု Salt Lake City မြို့ Utah တက္ကသိုလ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကိုကိုးကားပြီး ထုတ်ပြန်တဲ့ ဒေသဆိုင်ရာသတင်းတခုမှာတော့ အမျိုးသားတဦးဟာ  Utah တက္ကသိုလ် ARUP ဓာတ်ခွဲခန်းအနီး ကားပါကင်မှာရပ်နေတဲ့ အမျိုးသမီးတဦးထံ လျှောက်သွားခဲ့ပြီး အဲ့ဒီအမျိုးသမီးကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ကြောင်း ရေးသားထားပါတယ်။ ဘာ့ကြောင့်ပစ်ခတ်မှုဖြစ်ခဲ့တယ်ဆိုတာကိုတော့ အာဏာပိုင်တွေက စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံသတင်းတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up