အမြင့်ပေ ၃၀ ရှိ လှိုင်းလုံးကြီးအောက် သေကံမရောက်ခဲ့သူ ရေလွှာလျှောစီးသမား (ရုပ်သံ)

ကျွမ်းကျင်ရေလွှာလျှောစီးသမား အမျိုးသားတဦးဟာ အမြင့်ပေ ၃၀ လောက်ရှိတဲ့ လှိုင်းလုံးကြီးတလုံးအောက် ရောက်ခဲ့ပြီး တန်ချီတဲ့ ရေထုအောက် ရောက်သွားခဲ့တဲ့ သွေးပျက်ဖွယ် အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသား တွမ်ဘတ်တ်လာဟာ အခုလအစောပိုင်းက ပေါ်တူဂီနိုင်ငံမှာ ကျင်းပတဲ့ ရေလွှာလျှောစီးပြိုင်ပွဲတခုမှာ ယှဉ်ပြိုင်နေချိန်မှာ ရေလှိုင်းအောက်ကို ပါသွားခဲ့တာပါ။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ အသက်ရှင်သန်ခဲ့ကာ နံရိုးနဲ့အဆုတ် ထိခိုက်ဒဏ်ရာရရှိပြီး အကြားအာရုံ အနည်းငယ်ထိခိုက်တာကလွဲလို့ စိုးရိမ်စရာ မရှိခဲ့ဘူးလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ “ကျနော့်မှာ ပိုပြီး ဆိုးဆိုးဝါးဝါး မထိခိုက်ခဲ့တာကိုပဲ ကျေးဇူးတင်ရမှာပါ။ ကုဗတုံးပုံ ရေထုရဲ့ အလေးချိန်ဟာ ၁ တန်လောက်ရှိပြီး ဘယ်သူမဆို ရေအောက်ကို ရောက်သွားဖို့ ဖြစ်နိုင်တယ်ဆိုတာ ခု ရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုနေတဲ့သူတွေ တွေ့နိုင်မှာပါ။” ဒီပြိုင်ပွဲဟာ ကမ္ဘာ့အဆင့် ရေလွှာလျှောစီးပြိုင်ပွဲတခုဖြစ်ပြီး ဘတ်တ်လာဟာ ပြိုင်ပွဲမဝင်ခင်မှာ သီတင်းပတ် ၂၂ ပတ်လောက် အချိန်ယူလေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘတ်တ်လာဟာ ကမ္ဘာ့အဆင့် ၃၇ နေရာမှာ ရပ်တည်နေသူဖြစ်ပြီး ခုလိုကြုံတွေ့ခဲ့ရတာဟာ တကယ့်ကို ထိတ်လန့်စရာပါပဲ။ ဒီမတော်တဆမှုနဲ့ပတ်သက်တဲ့ အကြောင်းကို သူက ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ရေအောက်ရောက်နေတဲ့အချိန်မှာ ကျနော် ဘာမှမဖြစ်ခဲ့ပါဘူး။ ပြိုင်ပွဲဝင်ဝတ်စုံက နည်းနည်းတော့ ဖောင်းပွလာတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ ကျနော် ရေပေါ်ကို ပြန်ပေါ်လာနိုင်ခဲ့တာ။ ကျနော့်နားတွေကတော့ တစီစီနဲ့ အသံတွေကြားရတယ်။ နံရိုးနေရာတွေက နာကျင်နေခဲ့တာ။ ဒါပေမယ့် ကျနော့်ခန္ဓာကိုယ်က လှုပ်ရှားနိုင်တယ်လေ” လို့ ရေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up