ဘင်္ဂလားပင်လယ်အော်တွင် ငလျင်လှုပ်
DVB
·
December 29, 2016
ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၂၁ မိနစ် ၅၇ စက္ကန့်အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၇၅ မိုင်ခန့်အကွာ မြန်မာနိုင်ငံပြင်ပ ဘင်္ဂလားပင်လယ်အော်ကိုဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် ဆူနာမီ ငလျင်ရေလှိုင်းသတိပေးချက်တွေတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။