မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို နည်းပြ မော်ရင်ဟို ချီးကျူး

ဓာတ်ပုံ - Getty Images
ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားဖြစ်တယ်လို့ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ချီးကျူးပြောကြားလိုက်ပါတယ်။ အသက် ၂၃ နှစ်ရှိ ပေါ့ဂ်ဘာဟာ ဒီနှစ်ရာသီအစက ဂျူဗင်တပ်စ်အသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၉ သန်းနဲ့ မန်ယူကို ပြောင်းရွှေ့လာတာပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ခက်ခဲတဲ့ လိဂ်ပြိုင်ပွဲဖြစ်လို ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းက အကောင်းဆုံးပုံစံရနေပြီလို့ မော်ရင်ဟိုက ပြောပါတယ်။ ပေါ့ဂ်ဘာဟာ အသက်ငယ်သေးတာကြောင့် လာမယ့်ဘောလုံးရာသီမှာ ပိုကောင်းလာဖို့ ရှိတယ်လို့လည်း မော်ရင်ဟိုက ဆိုပါတယ်။ ကမ္ဘာ့အကောင်းဆုံးဆုကို ဂိုးတွေသွင်းတဲ့ ကစားသမားတွေကိုသာ ရွေးချယ်ချီးမြှင့်နေပြီး ဒီအခြေအနေကို ပြောင်းလဲနိုင်မယ်ဆိုရင် ပေါ့ဂ်ဘာဟာလည်း ကမ္ဘာ့အကောင်းဆုံးဆု ရရှိနိုင်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမား ပေါ့ဂ်ဘာဟာ ရာသီအစက ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ မန်ယူကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up