သူငယ်တန်းကျောင်းသူ ၂ ဦးကို ရက်ရက်စက်စက် ရိုက်နှက်ကန်ကျောက်ခဲ့သည့်ဆရာမရုပ်သံ ပျံ့နှံ့

တရုတ်နိုင်ငံမှာ သူငယ်တန်းအရွယ် ကျောင်းသူကလေး ၂ ဦးကို ရက်ရက်စက်စက် ရိုက်နှက်ကန်ကျောက်ခဲ့တဲ့ ဆရာမတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အဲဒီဆရာမကို အလုပ်မှ ထုတ်ပယ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ အန်ဟွီခရိုင်၊ ဟူရိုကွီစီရင်စုနယ်မြေ၊ ဂျီဟွီ မူလတန်းကျောင်းမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ကလေးတွေဟာ အကသင်ခန်းစာ သင်ကြားရေးအခန်းမှာ ရှိနေခဲ့ကြတာဖြစ်ပြီး အဲဒီဆရာမဟာ ကလေးငယ် ၂ ဦးကို ရက်ရက်စက်စက် ရိုက်နှက်ကန်ကျောက်ခဲ့တာကို တွေ့ရပါတယ်။ ကလေးတဦးကိုတော့ ဆံပင်ဆွဲ ရိုက်နှက်ခဲ့ပြီး နောက်တဦးကိုတော့ အဆက်မပြတ် ရိုက်နှက်နေခဲ့တာပါ။ ကလေးတွေကို ကြမ်းပြင်မှာ တရွတ်တိုက်ဆွဲပြီး ရိုက်နှက်ခဲ့ချိန်မှာ ကလေးတွေဟာ ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေခဲ့ကြတာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ချိန်မှာတော့ လူတွေဟာ စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး လူမဆန်တဲ့ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုအဖြစ် ဝေဖန်ခဲ့ကြတာပါ။ လက်ရှိမှာတော့ အဲဒီဆရာမကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက အလုပ်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသတွင်း ပညာရေးဗျူရိုက သတင်းထုတ်ပြန်ချက်တစောင်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up