ပျက်ကျရုရှားစစ်လေယာဉ်မှ ခရီးစဉ်မှတ်တမ်းသေတ္တာကို စစ်ဆေး

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူများအတွက် ရည်စူးပြီး လွမ်းသူ့ပန်းစည်းများချထားစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
ပင်လယ်နက်ထဲ ပျက်ကျခဲ့တဲ့ ရုရှားစစ်လေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်းသေတ္တာကို ရှာဖွေတွေ့ခဲ့ပြီး ကျွမ်းကျင်သူတွေ စစ်ဆေးနေပြီလို့ ရုရှားအရာရှိတွေက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ Tu-154 ရဲ့ ဒုတိယလေယာဉ်မှတ်တမ်းသေတ္တာဖြစ်တဲ့ လေယာဉ်မှူးအသံဖမ်းစက်ကိုတော့ ဆက်လက်ရှာဖွေဆဲ ဖြစ်ပါတယ်။ လေယာဉ်ဟာ ဆိုချီ နိုင်ငံတကာလေဆိပ်ကနေ ပြန်တက်သွားပြီး ၂ မိနစ်အကြာမှာ ပျက်ကျသွားပြီး လေယာဉ်ပေါ်ပါသူ ၉၂ ဦးလုံး သေဆုံးခဲ့ပါတယ်။ ခရီးစဉ်မှတ်တမ်းသေတ္တာကို ကမ်းခြေနဲ့ တမိုင်အကွာလောက်မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။ ဘာကြောင့် လေယာဉ်ပျက်ကျတယ်ဆိုတာ မသိသေးပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတော့ မဖြစ်နိုင်လောက်ဘူးလို့ ရုရှားအရာရှိတွေက ပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ စစ်ဆင်ရေးလုပ်နေတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို နှစ်သစ်ကူး ဖျော်ဖြေဖို့ ရုရှား တပ်နီတော်တီးဝိုင်းအဖွဲ့ဝင်တွေ၊ အဆိုတော်တွေနဲ့ အကပညာရှင်တွေလည်း လေယာဉ်ပေါ် လိုက်ပါသွားကြပါတယ်။ ခုချိန်ထိ အလောင်း စုစုပေါင်း ၁၆ လောင်း ပြန်ရပြီး ဘယ်သူဘယ်ဝါဆိုတာ မော်စကိုမြို့မှာ စစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up