မူဆယ်တွင် ဖရဲသခွားသီး အရောင်းသွက်နေ

2.4K
တရုတ်- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေး နေရာတခုဖြစ်တဲ့ ရှမ်းပြည်နယ် မူဆယ်မြို့မှာ ဖရဲသခွား သီးတွေ အရောင်းအ၀ယ်သွက်လာနေတယ်လို့ မူဆယ်သစ်သီး ကုန်စည်ဒိုင်ကသိရပါတယ်။
ခုရက်ပိုင်းတွေမှာ မူဆယ်ကို ပုံမှန်ထက် ဖရဲသခွားကားအစီးရေ ၁၀၀ နီးပါးလောက် လျော့ဝင်ပြီးတော့ ဈေးကတော့ ဖရဲသီး ၈၅၅ အမျိုးအစား က တစ်တန်ကို တရုတ်ယွမ်ငွေ ၄၀၀၀ ကနေ ၅၀၀၀၊ ရွှေသခွားကတော့ တစ်တန်ကို ယွမ် ၄၀၀၀ ကနေ ၆၀၀၀ ထိပေါက်ဈေးရှိနေပါတယ်။
လတ်တလောမှာတော့ ဖရဲသခွားဈေးနှုန်းက ပုံမှန်ပေါက်ဈေးရှိနေပေမယ့် လာမယ့် နှစ်ရက်အတွင်း ဈေးတက်လာနိုင်တယ်လို့ ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ဆိုပါတယ်။
တရုတ်-မြန်မာအဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ပြည်ထောင် စုလမ်းမကြီးပေါ်က လားရှိုး- မူဆယ် ကားလမ်းပိုင်းကို ဒီကနေ့ ၂၈ ရက်နေ့ မနက် ၆ နာရီကနေ ၃၀ ရက်နေ့ မနက် ၆ နာရီအထိယာယီ ပိတ်ထားလိုက်တဲ့ အတွက် ကုန်ကား အ၀င်နည်းပါးနေပါတယ်။
လားရှိုး-မူဆယ်ကားလမ်းပိုင်းကို နှစ်ရက်ကြာပိတ်ပြီး ယာဉ်ကြောရှင်းမှာဖြစ်လို့ တောင်သူတွေအနေနဲ့ သစ်သီးခူးဆွတ်မှုတွေကို ခေတ္တရပ်နားထားဖို့ မူဆယ်သစ်သီးကုန်စည်ဒိုင်က အသိပေး ထုတ်ပြန်ထားပါတယ်။
သတင်း - AIMA