ချင်းလူငယ် မူဝါဒ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ပထမအကြိမ် ပြုလုပ်

2.6K
ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ချင်းလူငယ် မူဝါဒပထမအကြိမ် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့၊ မင်းတပ်ဟိုတယ်အပေါ်ဆုံးထပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ လူငယ်မူဝါဒရဲ့ လက်ရှိအခြေနေများ၊ ချင်းလူငယ် မူဝါဒ(မူကြမ်း)ရေးဆွဲနိုင်ရေးအတွက် လုပ်ဆောင်ရမယ့် ရှေ့လုပ်ငန်းစဉ်နဲ့ မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးအတွက် ချင်းလူငယ်ကိုယ်စားလှယ် ရွေးချယ်ခြင်းတွေကို ဆွေးနွေးခဲ့ကြတာပါ။
တွေ့ဆုံပွဲကို ချင်းပြည်နယ်ရဲ့ မြို့အသီးသီးမှ လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်လာပြီး ဖလမ်း၊ တွန်းဇံနဲ့ ပလက်ဝမြို့များမှ လူငယ်ကိုယ်စားလှယ်တွေ မတက်ရောက်နိုင်ပါဘူး။
ဆလိုင်ဂေစိမ်းအောင်