Home
မြန်မာသတင်း
ရေးမြို့နယ် ကရင်အမျိုးသားနှစ်သစ်ကူး ကျင်းပ
DVB
·
December 28, 2016
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူး ၇၉ ကြိမ်မြောက်ကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျင်းပရေးကော်မတီဝင်မှ တာဝန်ရှိသူတို့က ဒီဇင်ဘာ ၂၇ ရက်နေ့ညမှာ တက်ရောက်ဖွင့်လှစ်ပေးသွားပါတယ်။ ကရင်အမျိုးသားနှစ်သစ်ကူးဖွင့်ပွဲမှာ ဖျော်ဖြေရေးတွေ ပါဝင်တင်ဆက်ပေးကြပြီး ကရင်ဒုံးယိမ်းအကများလည်း ယှဉ်ပြိုင်ကကြပါတယ်။ ကရင်အမျိုးသားအလံတင်ခြင်း အခမ်းအနားကိုလည်း ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၆ နာရီမှာ ကျင်းးပမှာဖြစ်တယ်လို့ ကျင်းပရေးကော်မတီထံက သိရပါတယ်။ ကရင်အမျိုးသားနှစ်သစ်ကူးကို ကျောင်းရွာကျေးရွာမှာ ၇၉ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ၇၈ ကြိမ်မြောက်ကို ဘေးလမိုင်းကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်းအပြင် တခြားအားကစားနည်း ၂၀ မျိုးကို ကရင်အမျိုးသားနှစ်သစ်ကူး အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပခဲ့ပါတယ်။ ကျောင်းရွာကျေးရွာမှာ မွန်၊ ဗမာ၊ ကရင် တိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပြီး အခုလို ကျင်းပလာတာလည်း တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ် နေထိုင်သွားကြဖို့ဖြစ်တယ်လို့ သိရပါတယ်။ သတင်းပေးပို့ - နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024