ကယားတွင် ပထမဆုံးကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော် ကေအန်ယူဥက္ကဋ္ဌ တက်ရောက်မည်
DVB
·
December 27, 2016
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပထမဦးဆုံးအကြိမ်ကျင်းပမယ့် ကရင်နှစ်ကူးပွဲတော် ကေအန်ယူဥက္ကဋ္ဌ တက်ရောက်မယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့မှာ ဒီဇင်ဘာလ ၂၈ နဲ့ ၂၉ ရက်နေ့ ၂ ရက်တာကျင်းပမယ့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကယားပြည်နယ်မှာ ပထမဦးဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး ကယားပြည်နယ်အတွင်းက ကရင် အဖွဲ့ပေါင်းဆုံက ပူးပေါင်းကျင်းပတာပါ။
လွိုင်ကော်မြို့ ချိကယ်ကျေးရရွာ တခွန်တိုင်ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။