Home
မြန်မာသတင်း
အငြိမ်းစားဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာ နေပြည်တော်တွင် တည်ဆောက်နေ
နေဖြိုးဝင်း
·
December 27, 2016
နေပြည်တော်မှာ အငြိမ်းစားဝန်ထမ်းတွေနဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဒီဇင်ဘာ ၂၆ ရက်နေ့က ပြောပါတယ်။ နေပြည်တော်မှာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှစ်ခု တည်ဆောက်သွားမှာဖြစ်ပြီး ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်မှာ စီမံကိန်းတခုနဲ့ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် သစ်တောကြိုးဝိုင်း ဧရိယာထဲမှာ တခု ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ခုထဲကနေ ပထမစီမံကိန်းဖြစ်တဲ့ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်မှာ ဆောက်မယ့် ရွှေနံ့သာတန်ဖိုးနည်း စီမံကိန်းထဲမှာ ရှေ့ပြေးစမ်းသပ်စီမံကိန်းအနေနဲ့ ပထမဆုံး တိုက်နှစ်လုံးကို တခန်း သိန်း ၁၀၀ နဲ့ ရောင်းနိုင်အောင် ဆောက်လုပ်နေပြီဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်ချင်သူတွေအနေနဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အိမ်ခန်းဝယ်ဖို့ ငွေစုစာအုပ် Saving Account ဖွင့်ပြီး အိမ်တန်ဖိုး သိန်း ၁၀၀ ရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၃၀ ရအောင် လစဉ်စုရမှာဖြစ်ပါတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ဘဏ်ကချေးပေးမှာဖြစ်ပြီး ချေးငွေ ၇၀ ရာခိုင်နှုန်းကို အတိုး ၉ ရာခိုင်နှုန်းနဲ့ ၁၅ နှစ် တစ်လချင်း အရစ်ကျပြန်ဆပ်ရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024