တရုတ်နိုင်ငံမှ ထူးခြားလှသည့် ရိုးရာ ရေခဲပြင်ငါးဖမ်းပွဲတော် ကျင်းပ (ရုပ်သံ)

တရုတ်နိုင်ငံရဲ့ ထူးခြားလှတဲ့ ရိုးရာရေခဲပြင်ငါးဖမ်းပွဲတော်ကို နိုင်ငံအရှေ့မြောက်ပိုင်း ဟေလောင်ကျန်းခရိုင်၊ ဒေါ်ဘော့မွန်ဂိုလီးယန်း စီရင်စုနယ်မြေထဲက လျန်ဟွမ်ရေကန်မှာ ကျင်းပခဲ့ကြပါတယ်။ ရေခဲပြင်အောက်မြှုပ်နှံထားခဲ့တဲ့ ငါးဖမ်းပိုက်ကွန်ကို ဆွဲလိုက်ချိန်မှာ ထောင်သောင်းချီတဲ့ငါးတွေ ထွက်ပေါ်လာခဲ့တာကို အံ့သြဖွယ် တွေ့ရပါတယ်။ ငါးတွေရဲ့ အရွယ်အစားဟာ အကြီးဆုံး ၂၀ ကနေ ၂၅ ကီလိုဂရမ်ထိရှိပြီး အငယ်ဆုံးအရွယ်အစားဟာ ၂ ဒသမ ၅ ကီလိုဂရမ်ထိ ရှိတာပါ။ ဒီငါးဖမ်းပွဲတော်ကနေ ဖမ်းယူရရှိမယ့် ငါးအလေးချိန်ဟာ ကီလိုဂရမ် ၅ သောင်းလောက်ရှိမယ်လို့ ဒေသတွင်း ငါးဖမ်းသမားတွေက ပြောပါတယ်။ ဒီကန်အတွင်းမှာ ဆောင်းဦးရာသီ ငါးဖမ်းပွဲတော်ကို ရှေးကတည်းက ကျင်းပလာကြတာဖြစ်ပြီး ခုချိန်မှာတော့ ရှေးရိုးရာနည်းလမ်းတွေအစား ခေတ်မီစက်ကိရိယာတွေကို အသုံးပြုလာကြပြီလို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ငါးဖမ်းသမားခေါင်းဆောင်တဦးဖြစ်တဲ့ လီကီဝမ်က ငါးဖမ်းပိုက်တွေကို စနစ်တကျ ဒီဇိုင်းပြင်ဆင်ထားတာမို့ ကန်ရဲ့ … Continue reading တရုတ်နိုင်ငံမှ ထူးခြားလှသည့် ရိုးရာ ရေခဲပြင်ငါးဖမ်းပွဲတော် ကျင်းပ (ရုပ်သံ)