ကဗျာဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရပွဲ ကျင်းပမည်
DVB
·
December 27, 2016
ကဗျာဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း၊ တော်ဝင်နှင်းဆီခန်းမမှာ လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမေရိကန်နိုင်ငံရှိ ဆရာတင်မိုး အရိုးပြာကို ကျန်ရစ်သူမိသားစုက မြန်မာနိုင်ငံကို သယ်ဆောင်လာခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရေဝေးသုသာန်ကို ပို့ဆောင်မှာ ဖြစ်ပါတယ်။
ဆရာတင်မိုးကို ၁၉၃၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့က တောင်သာမြို့နယ် ကံမြဲရွာမှာ မွေးဖွားခဲ့ပါတယ်။
ငယ်နာမည် ဘဂျမ်းဖြစ်ပြီး ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းနဲ့ ရာဇဂြိုဟ် အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့တာပါ။
တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စာစီစာကုံးအရေး ကောင်းမွန်တာကြောင့် မန္တလေးတက္ကသိုလ်မှာ အထူးတက်ရောက်ခွင့် ရခဲ့ပါတယ်။
၁၉၅၆ ခုနှစ်မှာ ဖန်မီးအိမ် ကဗျာစာအုပ် ထုတ်ဝေနိုင်ခဲ့ပြီး အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။
၁၉၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့လို့ ထောင် ၄ နှစ် ကျခံခဲ့ရပါတယ်။
ထောင်ကလွတ်မြောက်ပြီး မကွယ်လွန်မီအချိန်ထိ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ သမီးဖြစ်သူနဲ့ နေထိုင်ခဲ့ပါတယ်။
ဆရာတင်မိုးဟာ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ နေ့၊ အသက် ၇၃ နှစ်အရွယ်မှာ အမေရိကန်နိုင်ငံမှာပဲ ကွယ်လွန်ခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - သားကြီးမောင်ဇေယျ